Thursday, December 6, 2012

သုံးရောင်ခြယ် ငါးအသားကြက်ဥလိပ်

သုံးရောင်ခြယ် ငါးအသားကြက်ဥလိပ်
*************************
• ပါဝင်ပစ္စည်း
၁။ ကြက်ဥ - ၈ လုံး (ခလောက်ထားပါ)
၂။ ပြောင်းဖူးမှုန့် - ၄၀ ဂရမ် (စားပွဲဇွန်း ၃ ဇွန်း)
၃။ Kustart Powder - ၂၀ ဂရမ် (စားပွဲဇွန်း ၂ ဇွန်း)
၎။ ငါးတန်သား - ၆၀၀ ဂရမ် (၄၀ ကျပ်သား)
၅။ မုန်လာဥနီချောင်း - ၃ ချောင်း (အရှည်လိုက် လှီးပါ)
၆။ ကြက်သွန်မြိတ် - ၃ ပင် (အရှည်လိုက်လှီးပါ)
၇။ မုန်ညင်းဖြူအရိုး - ၂ ပင် (အရှည်လိုက်လှီးပါ)
၈။ ဆီ - ၅ ကျပ်သား
၉။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၁။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

• ပြင်ဆင်ချက်ပြုတ်နည်း
(၁) ကြက်ဥ၊ ပြောင်းဖူးမှုန့်၊
Kustart Powder ရောပြီးမွှေပါ။
ဒယ်အိုးတစ်ခုထဲမှာ ကော်ပြန့်ရွက်ကဲ့သို့
အရွက်ရအောင်ပြုလုပ်ပါ။

(၂) ငါးတန်သားစဉ်းပြီး ဆား၊ သကြား၊
ကြက်သားမှုန့်၊ဆီမွှေးနှင့်အားလုံးရောနယ်ပြီးလျှင်
ကြက်ဥရွက်ပြုလုပ်ပြီးသားပေါ်မှာ
ငါးသားကိုပြားပြားလေးလုပ်တင်ပါ။

(၃) ပြီးလျှင် မုန်လာဥနီချောင်း၊ ကြက်သွန်မြိတ်၊
မုန်ညင်းဖြူရိုးအရှည်လိုက်တင်ပြီးလိပ်လိုက်ပါ။

(၄) ထို့နောက် ပေါင်းအိုးဖြင့် ၂၀ မိနစ်ခန့်ပေါင်းပြီးလျှင်
ဆီအိုးထဲထည့်ကြော်ပါ။
ရွှေဝါရောင်သမ်းလာလျှင် စောင်းစောင်းလေးလှီး၍
အလှဆင်နိုင်ပါပြီ။

** ဤ သုံးရောင်ခြယ်ငါးအသားကြက်ဥလိပ်
ပြင်ဆင်ချက်ပြုတ်နည်းကို
White Rice စားသောက်ဆိုင်မှ ကူညီပါသည်။

No comments:

Post a Comment